Mastering Burmese Speech: Etiquette and Eloquence

ကျေးဇူးတင်စကားစကားပြောရာတွင် ခြေတစ်ဖက်ထောက်၍ ပြောဆိုခြင်းကို ရှောင်ရပါမည်။ ဘေးတိုက်ရပ်၍ ပြောခြင်း ခြေတစ်ချောင်းပေါ်တွင်သာရပ်ပြီး ခြေတစ်ချောင်းကို ဖွဖွသာထောက်ထားသည့် ဟန်မျိုးမဖြစ်ရန် သတိပြုရပါမည်။ ပရိသတ်ဘက်သိုလှည့်ကာ ခြေစုံရပ်ရပါမည်။ ပရိသတ်ရှေ့ရောက်မှ ပုဆိုး၊ ထဘီပြင်ဝတ်ခြင်း၊ အင်္ကျီဆွဲဆန့်ခြင်း၊ ဆံပင်ကို လက်ဖြင့်ပြင်ခြင်း၊ လက်ဖဝါးအချင်းချင်း ပွတ်နေခြင်း၊ လက်နှစ်ဖက်ကို ပူးယှက်ခြင်း၊ ခြေထောက် လှုပ်ခြင်းတိုကို အထူးရှောင်ကြဉ်ရပါမည်။ ကျေးဇူးတင်စကားပြောရာတွင်စကားပြောခွက်ကို တစ်ပေခန့်အကွာတွင် မိမိပါးစပ်နှင့် တည့်တည့်ထားကာ ပြောရပါမည်။
စကားရည်လုပြိုင်ပွဲ များတွင် လိုက်နာကျင့်သုံးသင့်သော အချက်များ ရှိပါသည်။
၁။ သဘာပတိ သိုမဟုတ် အကဲဖြတ်လူကြီးမင်းကို ဦးစွာနှုတ်ဆက်ပါ။ ထိုနောက် ပရိသတ်ကို နှုတ်ဆက်ပါ။
၂။ သဘာပတိ သိုမဟုတ် အကဲဖြတ်လူကြီးမင်းများ ခင်ဗျာ၊ ရှင် ဟူသောစကားကို အခွင့်သာတိုင်း ပြောပါ။
၃။ တစ်ဖက်က စကားရည်လုပြောဆိုသူတို၏အမည်ကို တိုက်ရိုက်မခေါ်ရပါ။ ပထမ အဆိုရှင်၊ အချေရှင် စသည်ဖြင့် သုံးနှုန်းပါ၊
၄။ ခွင့်ပြုသည့်အချိန်ထက် ပိုမပြောရပါ။
၅။ ပြောစရာမရှိလျှင် အချိန်မပြည့်သော်လည်း မိမိနေရာတွင် ပြန်ထိုင်ပါ။
၆။ တစ်ဖက်လူအား ပုဂ္ဂိုလ်ရေးဝေဖန်ပြောဆိုမှုကိုရှောင်၍ ဓမ္မဓိဋ္ဌာန်ကျကျ ပြောဆိုပါ။
၇။ ပရိသတ်ကိုကြည့်၍ စကားပြောပါ။ တစ် ဖက်လူအားကြည့်၍ ပြောဆိုခြင်းကို ရှောင်ပါ။
အဝတ်အစားကို သန့်ရှင်းသပ်ရပ်အောင် ဝတ်ဆင်ပါ။ ပရိသတ်ရှေ့တွင် ပြင်မဝတ်သင့်ပါ။
၉။ ရုန့်ရင်းကြမ်းတမ်းသော စကားအသုံးအနှုန်းများကို ရှောင်ကြဉ်ပါ။
၁၀။ စကားပြောပြီးလျှင် ကျေးဇူးတင်စကားပြော၍ မိမိနေရာတွင် ပြန်ထိုင်ပါ။
တင်ပျဉ်ချိတ် = တင်ပျဉ်ခွေ သည် ။
နှုတ်ဖျား = (စိတ်မပါဘဲ) ပြောရုံသက်သက်သာ။
ဦးပေါင်း = ထမင်းအိုး ထဲမှ အပေါ်ဆုံး ထမင် အစု။
ဒေါင်မ = သမတ်မျိုးအားလေးစားသဖြင့် ခေါ်ဆိုသောအမည်။
ဆောင်: လေကြမ် = ဆောင်းရာသီတွင်ကြမ်းတမ်းစွာ တိုက်ခတ်သောလေ။
ဝပ်တွာ = ကိုယ်ကို ကျုံ့ ဝပ် လျက်ရိုသေစွာရှိခိုးသည်။
ဒူwa=အကြီးအကဲ ၊ဒေသကြီးအကဲ ၊ မျိုး နွယ် အကြီးအကဲ။



အလှရှိရာ ကဗျာသည် လွတ်လပ်ရေး သတ်က ငွေတာီရေးသော လင်္ကာကဗျာအမျိုးအစားဖြစ်ပါသည်။ ထိုကဗျား၏
ရည်ရွယ်ချက်မှာ တိုင်းတစ်ပါး၏ ပြည့်စုံကြွယ်ဝသာယာလှပမှုကို မျှော်ငေးတမ်းတနေမည့်အစား ကိုယ့်မြေကိုယ်ရေ၏ အလှကို သိမြင်ခံစားပြီး မြတ်နိုးတွယ်တာစိတ်ဖြစ်လာရန်နှင့် စာဆို၏ စေတနာ၊ အရေးအဖွဲတိုကို သိရှိစေရန် ဖြစ်ပါသည်။ ထိုကဗျာတွင် ကိုယ့်ရွာ၊ ကိုယ့်ပြည်၏အလှကို ချစ်မြတ်နိုးလာရန် တိုင်းတစ်ပါးအလှကို စတင်ရေးဖွဲပါသည်။
ကဗျာအစတွင် စာဆိုက သူတစ်ပါးတိုင်းပြည်ကို အထင်ကြီးမိကြောင်း ရေးဖွဲပါသည်။ အလှရှိရာ သူ့ ရွာသူ ပြည်သို သွားချင်လှပါသည်ဟု နှုတ်က အကြိမ်ကြိမ်ဆိုမြည်တမ်းတမိကြောင်း၊ သူတစ်ပါးတိုင်းပြည်သို ရောက်လိုလှ၍ စိတ်ထဲတွင်
မျှော်မှန်းတမ်းတကာ မကြည်မသာဖြစ်ရကြောင်းကို စာဆိုက –
“အလှရှိရာ၊ သွားချင်ပါဟု
ခါခါမြည်တမ်း၊ သိုရော်ရမ်း၍
စိတ်ဝမ်းမသာ ရှိသည်တကား”ဟု ဖွဲနွဲခဲ့သည်။
သူ့ပြည်သူ့ရွာသည် အလွန်သာယာစည်ကားကြောင်း၊ အေးချမ်းသာယာလှပကြောင်း၊ သာယာဝပြောကြောင်း ကြားရတိုင်း လှပ၍ အချက်အချာသော သူတစ်ပါးတိုင်းပြည်သို သွားလိုစိတ်ဖြင့် နေမထိထိုင်မသာဖြစ်ရကြောင်းကို စာဆိုက –
“သူ့ ရွာသူ့ ပြည်၊ သာလှသည်တည့်
စည်ပင်ချမ်းမြ၊ ဝပြောစွဟု
ကြားရတိုင်းသာ၊ လှမြေချာသို
သွားပါလိုမိ၊ နေမထိခဲ့”ဟု စပ်ဆိုခဲ့ပါသည်။
ထိုနောက် စာဆိုက အသိအမြင်နှင့် သတိယှဉ်မိကာ ကိုယ့်ရွာကိုယ့်ပြည်အလှကို အမှန်အဟိုင်းရှုမြင်မိပုံကို ဆက်လက် ရေးဖွဲပါသည်။ ထိုသိုတွေးမိချိန်မှစ၍ စိတ်ဝယ်ရွှင်လန်းပြီး ချမ်းမြေ့ကြည်လင်လာရသည်။ ကိုယ့်ရွာကိုယ့်မြေသည် ပိုင်နက်နယ် ဧရိယာက ကျယ်ဝန်းသည်။ မြရောင်လွှမ်း၍ စိမ်းလန်းစိုပြည်နေသော လယ်ခင်း၊ ယာခင်း၊ စိုက်ခင်းတိုနှင့် ပြည့်နှက်နေသည်။ မြစ်အသွယ်သွယ်၊ ချောင်းအစင်းစင်း၊ အင်းအိုင်အလီလီဖြင့် ရှုမငြီးနိုင်လောက်အောင် ပြည့်စုံလှသည်။ ထိုအကြောင်းကို စာဆိုက
“ဤယနေ့သော်
ချမ်းမြေ့ကြည်လင်၊ စိတ်ဝယ်ရွှင်တည့်
မြေပြင်ကျယ်ဝင်း၊ လယ်ယာခင်းနှင့်
အင်းအိုင်မြစ်ချောင်း၊ ရှုမညောင်းတည့်”ဟူ၍ စပ်ဆိုခဲ့ပါသည်။
ထိုပြင် အမိမြေသည် ယဉ်ကျေးမှုခိုင်မာ၍ ဘာသာ သာသနာထွန်းကားကြောင်း၊ တောင်စောင်းတောင်ထိပ်ရှိ စေတီမြတ် တို၏ အေးရိပ်ကို ခိုလှုကာ မိတ်ဆွေအစုံအလင်တိုနှင့် ဖူးမြော်ရသောအခါ စိတ်အာရုံသန့်စင်၍ ကြည်လင်ချမ်းမြေ့ရကြောင်း၊ စိမ်းစိုသာယာသော မိခင်မြေကို မြတ်နိုးဗာန်ဖိုးထားလာရကြောင်း၊ ထိုသိုအသိအမြင်မှန်သောအခါ “မိခင်မြေမြ၊ သာလေစွ”ဟု အကြိမ်ကြိမ်ရွတ်ဆိုမိကြောင်း၊ ထိုအသံသည် မိုးယံသိုတိုင်အောင် ပဲ့တင်ထပ်နေမည်ဖြစ်ကြောင်းကို စာဆိုက –
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်ငယ်
ဆွေမိတ်တူစုံ၊ ဖူးရတုံသော်
အာရုံသန့်စင်၊ ကြည်ဘဝင်နှင့်
မိခင်မြေမြ၊ သာလေစွဟု
နှုတ်ကဖန်ဖန်၊ ဆိုမိသံသည်
မိုးယံပဲ့တင် ထပ်လိမ့်တည်း”ဟု ရဲဝံ့အားရဖွယ် ဝီရရသမြောက်အောင် သရုပ်ဖော်ထားပါသည်။
ကိုယ့်ရွာကိုယ့်ပြည်၏ အလှကို သတိထားကြည့်မိသောအခါ သူတစ်ပါးတိုင်းပြည် မည်မျှသာယာသည်ကို နားမဆံ့အောင် ကြားရသော်လည်း တုန်လှုပ်စရာ၊ အထင်ကြီးစရာမလိုကြောင်းကို စာဆိုက –
“သူ့ ရွာသူ့ ပြည်၊ သာမောသည်ဟု
နှုတ်ရည်စကား၊ ဘယ်သိုကြားလည်း
ငါကား မတုန်လှုပ်ပြီတကား”ဟု ကျေနပ်နှစ်သက်ဖွယ် သန္တရသမြောက်အောင် သရုပ်ဖော်ရေးဖွဲထားပါသည်။
ဤသိုလျှင် “အလှရှိရာ”ကဗျာတွင် စာဆိုက သူတစ်ပါးတိုင်းပြည်နှင့် နှိင်းယှဉ်ကာ ကိုယ့်ရွာ၊ ကိုယ့်ပြည်၏အလှကို ကြည့်တတ်၊ မြင်တတ်၊ မြတ်နိုးတတ်လာအောင် မြင်ကွင်းငြိမ်သရုပ်ဖော်နှင့် စိတ်ခံစားမှုသရုပ်ဖော်တိုဖြင့် ရေးဖွဲထားကြောင်း တွေ့ရပါတော့သည်။


ကျွန်ုပ်တို၏ နိုင်ငံတော် စကားပြေသည် လွတ်လပ်ရေးခေတ်က ပျဉ်းမနားမောင်နီသင်းရေးသော ဆောင်းပါးဖြစ်သည်။ ထိုဆောင်းပါးသည် ဂုဏ်ထူးဆောင် မြန်မာစာစီစာကုံးနှင့် စာတမ်းများမှ ကောက်နုတ်ချက်ဖြစ်သည်။ ထိုဆောင်းပါး၏ ရည်ရွယ် ချက်မှာ မိမိနိုင်ငံတော်၏ တော၊ တောင်၊ ရေမြေသဘာဝအလှ၊ တိုင်းရင်းသားတို၏ ယဉ်ကျေးမှုအလှ၊ ပြည်ထောင်စုစိတ်ဓာတ် အလှတိုကို သိရှိရန်နှင့် နိုင်ငံတော်အပေါ်ထားရှိရမည့် စိတ်ထားကို သိစေလိုခြင်းဖြစ်သည်။
ဆောင်းပါးရေးသားရာတွင် တိုတိုကျဉ်းကျဉ်းရေးရမည်။ အကိုးအကားမှန်ရမည်။ ရေးထုံးမှန်ရမည်။ ခွန်အားရှိသောစာ ဖြစ်ရမည်။ ရေးသည့်အကြောင်းအရာကို ပိုင်နိုင်ရမည်။ အချက်ကျကျ ရေးရမည်။ သင့်လျော်သော စကားအသုံးအနှုန်းရွေးရမည်။ ကြံ့ခိုင်ကျစ်လျစ်သော ဝါကျဖြစ်ရမည်။ ဖတ်ရှုသူတို အမြင်ကျယ်အောင် လမ်းညွှန်ပေးရပါမည်။
အထက်ပါအချက်များနှင့် ကိုက်ညီအောင် စာရေးသူသည် ကျောင်းတွင် ကလေးများ ပျော်ရွှင်စွာရွတ်ဆိုသော “အ” အမေ တိုတိုင်းပြည်၊ ငါတိုချစ်တဲ့မြေ”ဟူသော စကားဖြင့် အစပျိုးပါသည်။ ထိုနောက် နိုင်ငံတော်သည် “ကျွန်တော်တိုအမိ”ဖြစ်ကြောင်း ဤမြေတွင် မွေး၍ ဤရေ၊ ဤစပါး၊ ဤပန်းပွင့်များနှင့် ကြီးပြင်းခဲ့ကြောင်း၊ နိုင်ငံတော်သည် “ကျွန်တော်တို၏ အားထားရာ” ဖြစ်ကြောင်း ရေးဖွဲပါသည်။
ထိုပြင် နိုင်ငံတော်တွင် အလှတရား သုံးပါးရှိကြောင်း ဖော်ပြပြီး နိုင်ငံတော်၏ ရေမြေတောတောင်သဘာဝအလှ၊ နိုင်ငံတော်မှ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအလှနှင့် နိုင်ငံတော်ကို လေးစားမြတ်နိုးသည့် ပြည်ထောင်စုစိတ်ဓာတ်အလှတို ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြပါသည်။ ဤအလှသုံးပါးကို လေးစားမှု၊ မြတိိးမှု၊ စောင့်ရှောက်မှုတိုသည် “ကျွန်တော်တိုအတွက် တာဝန်”ဖြစ်ကြောင်း လမ်းညွှန်ရေးဖွဲပါသည်။
တစ်ဖန် နိုင်ငံတော်၏ ရေမြေတောတောင်သဘာဝအလှမှာ ကြည့်၍မဆုံးနိုင်အောင်ဖြစ်ပုံကို ဖော်ပြပါသည်။ စာရေးသူ၏ ရပ်ကွက်ဘေးတွင်ရှိသော ငလိုက်ချောင်းသည် စစ်တောင်းမြစ်သို ရောက်ကြောင်း၊ ထိုမှတစ်ဆင့် ပင်လယ်ထဲသို ရောက်ကြောင်း၊ ချောင်းမှ မြစ်၊ မြစ်မှ ပင်လယ်၊ ပင်လယ်မှ သမုဒ္ဒရာသို သွားရကြောင်း၊ နိုင်ငံတော်၌ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်၊ ဒုဋ္ဌဝတီ စသောမြစ်တိုသည် နိုင်ငံသားအားလုံးအတွက် ရေအေးရေချိုဖြစ်ကြောင်း၊ ဤရေတိုဖြင့် တောတိုသည် စိမ်းလန်းပြီး မြေတိုသည် အပင်ကောင်းတို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တောင်တိုသည်လည်း ကြီးကျယ်ခဲ့ပြီး တွင်းထွက်ပစ္စည်းများလည်း ပြည့်စုံ ခဲ့ကြောင်း၊ ဤရေ၊ ဤမြေ၊ ဤတော၊ ဤတောင်တိုသည် ကျွန်တော်တိုအတွက် အမိ၏မေတ္တာဖြင့် ပေးခဲ့ကြောင်း အကျိုး အကြောင်း ခိုင်လုံစွာ ရေးဖွဲပြသွားသည်။
ထိုပြင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအလှကား ကြည့်၍မဆုံးနိုင်အောင် ကျက်သရေရှိကြောင်း၊ ဝတ်စားဆင်ယင်ပုံ၊ သုံးစွဲသည့်စကားနှင့်စာ၊ ဓလေ့စရိုက်ထုံးစံ၊ ဂီတ၊ အက စသော အနုပညာတိုမှာ လေးစားဖွယ်၊ မြတ်နိုးဖွယ်ဖြစ်ကြောင်း၊ ထိုယဉ်ကျေးမှုများကို ကျွန်တော်တိုအချင်းချင်း လေးစားမြတ်နိုးလျက်ရှိကြောင်း တင်ပြပါသည်။
တစ်ဖန် နိုင်ငံတော်ကို လေးစားမြတ်နိုးသည့် ပြည်ထောင်စုစိတ်ဓာတ်အလှသည် “ကျွန်တော်တို၏တာဝန်”ဟု ဆိုအပ် ကြောင်း၊ ထိုစိတ်ဓာတ်သည် ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း ချစ်ခင်လေးစားမှု၊ အချင်းချင်းကူညီစောင့်ရှောက်မှုတိုကို အခြေခံကြောင်း” “တစ်မြေတည်းနေ တစ်ရေတည်းသောက်” “အေးအတူပူအမျှ”ဟူသော စကားတိုသည် မည်သည့်အခါမျှ မေ့မရနိုင်သော စကားများဖြစ်ကြောင်း ဖော်ပြပါသည်။
အဆုံးတွင် နိုင်ငံတော်ကို “အမိကဲ့သို” လေးစားမြတ်နိုးသင့်ကြောင်း၊ ထိုစကားသည် နှုတ်ဖျားက ပြောသည်မဟုတ်ဘဲ ရင်ထဲ အသည်းနှလုံးထဲကလာသော ပဲ့တင်သံများဖြစ်ကြောင်း ရေးဖွဲထားပါသည်။
ခြုံ၍ဆိုရသော် ဤဆောင်းပါးသည် ဆောင်းပါးအရေးအသားနှင့် လျော်ညီစွာ ဖတ်ရှုသူတို လက်ခံလာအောင်၊ အမြင်ကျယ် လာအောင်၊ နိုင်ငံတော်ကျက်သရေကို လေးစား၊ မြတ်နိုး၊ စောင့်ရှောက်ချင်စိတ်ပေါ်လာအောင် ရေးဖွဲထားသော ဆောင်းပါးတစ်ပုဒ် ဖြစ်သည်ဟု ထင်မြင်မိပါတော့သည်။